ကျိုက်မရောမြို့နယ်၌  ဒေသခံပြည်သူများအား စျေးနှုန်းချိုသာစွာဖြင့် စားသုံးဆီများဖြန့်ဖြူးပေး

ကျိုက်မရော  သြဂုတ် ၁၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားပြည်သူများအတွက် စားသုံးဆီများအား သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်က အောင်သုခရပ်ကွက်၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့  စားသုံးဆီများရောင်းချရာ၌ လူတစ်ဦးလျှင်  စားအုန်းဆီ  တစ်ပိဿာကို  ၆၅၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိရာ စားအုန်းဆီ ပိဿာချိန်  ၂၅၀ ပိဿာအား ပြည်သူများလက်ဝယ်အရောက် စနစ်တကျ  ရောင်းချပေးနိုင်ခဲ့ကြောင်း ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ အခြေခံလူတန်းစားများအား စားအုန်းဆီများရောင်းချပေးခြင်းကို အပတ်စဥ် ကြာသပတေးနေ့တိုင်း  မြို့မစျေးကြီးနှင့်   ပိန်းနဲကုန်းစျေးများတွင်  ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

 ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)