ချောင်းဆုံ ဩဂုတ် ၁၆
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ဩဂုတ်လ (၁၅) ရက်နေ့က ကွမ်သဲကျေးရွာ (အ.ထ.က) ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်ခြင်းကို မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သူဇာဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းကျန်းမာရေးကော်မတီဝင်များ၊ ဆရာ၊ ဆရာမ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး မူးယစ်ဆေးဝါးအန္တရာယ် ကျန်းမာရေးပညာပေးခြင်း၊ အာဟာရ ဖွံ့ဖြိုးရေးနှင့်အစားအစာများ အန္တရာယ်ကင်းဝေးရေး၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး၊ သွားနှင့်ခံတွင်း ကျန်းမာရေးပညာပေးခြင်းနှင့် ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ မေးခွန်းအမေးအဖြေများနှင့် ကျောင်းကျန်းမာရေးဆိုင်ရာ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)