မွန်ပြည်နယ်

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များရောင်းချ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များရောင်းချပေးခြင်းကို ယနေ့နံနက် (၆) နာရီအချိန်က ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု စာစီစာကုံး၊ ဉာဏ်စမ်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု စာစီစာကုံး၊ ဉာဏ်စမ်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။

သထုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖွင့်လှစ်သည့် အဆင့်မြင့်အပ်ချုပ်စက်သင်တန်းအား လာရောက်ကြည့်ရှုအားပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်နေသည့် အသက်‌မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု စာစီစာကုံး၊ ဉာဏ်စမ်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုစာစီစာကုံး၊ ဉာဏ်စမ်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် အသက် (၁၈) နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ထူးချွန်သည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့၏ ဦးဆောင်မှုဖြင့် မြို့နယ်အခြေခံပညာဦးစီးဌာနမှ ကျင်းပသော အသက်(၁၈)နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်က မြို့နယ်မီတာ (၄၀၀) အားကစားကွင်းတွင် ကျင်းပခဲ့သည်။

သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေးဦးစီးကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေးဦးစီးကော်မတီ၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပရာ မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်ရေးဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကျောင်းများမှာ ကျောင်းသူ၊ ကျောင်းသားလေးများ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ကောင်းမွန်သည့်အလေ့အကျင့်ကောင်းတွေရှိဖို့၊ သာယာလှပအောင် ပြုစုစောင့်ရှောက်တတ်စေဖို့ အထူးအလေးထားပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊ သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းပေါ်ထွန်းလာရေးအစီအမံများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို အခြေခံပညာကျောင်းနေအရွယ် လူငယ်များအပြင် မိဘအုပ်ထိန်းသူများ၊ ဆရာ/ ဆရာမများ၊ ဒေသခံပြည်သူများ အားလုံးမှ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်‌စေရေး စဉ်ဆက်မပြတ်အင်တိုက်အားတိုက် ဆောင်ရွက်‌ပေးသွားကြရမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်တွင် အမျိုးသားအဆင့်သန့်ရှင်း၍စိမ်းလန်းစိုပြည်သော အကောင်းဆုံးကျောင်းဆုများကို (၂)နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ပြီး ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်တွင်လည်း အဆိုပါ ဆုများရရှိအောင် ကြိုးစား‌ဆောင်ရွက်‌ပေးစေလိုကြောင်း၊ ပြည်နယ်အတွင်းအခြေခံပညာကျောင်းများအနေဖြင့် မိမိတို့ကျောင်းသန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်နိုင်ရေး အတူတကွပူးပေါင်း၍ ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးကြရန်နှင့် ကော်မတီဝင်များမှလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ကျိုက်ထိုမြို့ အ.မ.က(အောင်မင်္ဂလာ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်ရှိ အ.မ.က(အောင်မင်္ဂလာ)၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိုက်မရော၌ ကျောင်းကျန်းမာရေးရက် သတ္တပတ်လှုပ်ရှားမှုဟောပြောပွဲကျင်းပ

၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် ကျောင်းမာရေးရက်သတ္တပတ်လှုပ်ရှားမှု ကျန်းမာရေးဟောပြောပွဲကို ယနေ့ နေ့လယ်ပိုင်းက အ.ထ.က. ကျိုက်မရော (ပညာ့အားမာန်) ခန်းမ၌ ကျင်းပသည်။

ဘီးလင်းမြို့နယ် အ.မ.က (မြင်သာ) ကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးပေး

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဘီးလင်းမြို့နယ် အ.မ.က (မြင်သာ) ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်