ချောင်းဆုံ ဩဂုတ် ၁၆
ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ မြန်မာ့ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားတတ်စေရန်အတွက် မြို့နယ်အခြေခံပညာဦးစီးဌာနမှ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မုရစ်ကလေး (အ.ထ.က) ကျောင်း ပညာရတနာခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး တာဝန်ခံဆရာကြီးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေး ကြည့်ရှုခဲ့ကြပြီး ပြိုင်ပွဲဝင် ခေတ်ဟောင်းကာလပေါ်တေးများ၊ အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲအကနှင့် ပြိုင်ပွဲဝင်ကဗျာလွတ်အကစသည့်ဖြင့် ပြိုင်ပွဲဝင်များမှ သီဆိုကပြ ဖျော်ဖြေယဉ်ပြိုင်ခြင်းနှင့် တက်ရောက်လာကြသူများမှ ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)