မွန်ပြည်နယ်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့၊ ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ကျိုက်ထိုမြို့နယ် အ.မ.ကကော့ဘိန်း-၁ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက် ရှိ အ.မ.က  ကော့ဘိန်း-၁ ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

သထုံမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့နံနက်ပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ပရိုကိုးအခြေခံပညာမူလတန်း‌ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

မွန်ပြည်နယ်၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ ကျော်ကြားကုသိုလ်ဖြစ် ဆေးလှူဒါန်းခြင်းဆေးဆိုင် ဖွင့်ပွဲအခမ်းအနားနှင့် မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၆/၂ဝ၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတို့တွင် ဆေးရုံတက်ရောက်ကုသလျှက်ရှိသော ဆင်းရဲနွမ်းပါးသော လူနာများအား အခမဲ့ဆေးလှူဒါန်းပေးနိုင်ရန်အတွက် မော်လမြိုင်မြို့၊ ကျော်ကြားကုသိုလ်ဖြစ် ဆေးလှူဒါန်းခြင်းဆေးဆိုင် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်၊ အထက်လမ်းမကြီး၊ ကုသိုလ်ဖြစ်ဆေးဆိုင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကုသိုလ်ဖြစ်ဆေးဆိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ လူငယ်များအသင်း Youth Club တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ်  စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေးရေးသားသည့် " လူ့ဘဝမှာအရေးလှတဲ့အကျင့်စာရိတ္တ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံအခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက် နံနက် (၁၀)နာရီက ချောင်းဆုံအခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် (၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

မွန်ပြည်နယ် ၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/သူများအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/သူများအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရွှေဟင်္သါခန်းမ၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သံဖြူဇရပ်မြို့အလက(ခွဲ)စက်သစ်​ကျောင်း၌ ကလေးအထူးတရားပွဲပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်၌မွန်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) နှင့် ဟိတဓရ​ဖောင်​ဒေးရှင်းတို့မှ  ကြီးမှူးကျင်းပသည့်     ကလေး အထူးတရားပွဲကို စက်တင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းက အ-လ-က(ခွဲ)စက်သစ် ​ကျောင်း၌ ပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်