မွန်ပြည်နယ်

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဒေါက်တာအောင်မြတ်ကျော်စိန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်သည့် စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးရေးနှင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့သည် နိုင်ငံတော်၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ ၂၀၂၆ ခုနှစ် ဧပြီလ (၂၀) ရက်နေ့မှ စတင်ဆောင်ရွက်မည့် အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း Quick Win ရရှိမည့်အစီအစဉ်များ ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်သည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်သည့် စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးရေးနှင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ချောင်းဆုံမြို့နယ်ဘဏ်ခွဲမှ ဆောင်ရွက်သည့် စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျွန်းသာယာခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ် မြန်မာ့လယ်ယာဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးပေးအပ်ပွဲအခမ်းအနားကျင်းပ

အစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ စီမံချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ ခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်ထုတ်ချေးရေးနှင့် ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ဘုရင့်နောင်) ခန်းမတွင် ကျင်းပရာ ၎င်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်ချေးငွေအကြံပေးအဖွဲ့ဝင်များ ဌာနဆိုင်ရာအရာရှိများ ကျေးရွာအုပ်စု (၅) အုပ်စုမှ ချေးငွေစိစစ်ရေးအဖွဲ့ဝင်များ တောင်သူ (၃၅) ဦး စုစုပေါင်း (၈၅) တက်ရောက်ခဲ့သည်။

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများအား စာရေးဆရာအောင်သင်း၊ ဖေမြင့်၊ ခင်မောင်ညို စာရေးဆရာအများရေးသားသည့် "လူငယ်နှင့်ဘဝတန်ဖိုး" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်၊ နေပြည်တော်၊ ချောင်းသာအပန်းဖြေစခန်းအသီးသီးမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆို

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၏ ထူးချွန်ထက်မြတ်သည့် မွန်ပြည်နယ်မှ လူရည်ချွန်မောင်မယ် ကျောင်းသား / သူများသည် ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်၊ နေပြည်တော်၊ ချောင်းသာအပန်းဖြေစခန်းများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ယမန်နေ့ညနေပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ / မများ၊ တာဝန်ရှိသူများနှင့် ကျောင်းသား / သူများ၊ မိဘအုပ်ထိန်းသူများက ဂုဏ်ပြုပန်းကုံး၊ ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် ဟိုတယ်ဆိုင်ရာ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မွန်ပြည်နယ်အစိုးရ အဖွဲ့၏ပံ့ပိုးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနလမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားလာ‌ရေး ညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဟိုတယ်ဆိုင်ရာ အိပ်ခန်းဆောင် ထိန်းသိမ်းရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက Golden Bliss Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်တွင် ပန်းတိုင်သီးနှံများစိုက်ပျိုးနိုင်မှု အခြေပြုစစ်တမ်းကောက်ယူခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အောက်ကွင်းကျေးရွာများ၌ ပန်းတိုင်သီးနှံများစိုက်ပျိုးနိုင်မှု အခြေပြုစစ်တမ်းကောက်ယူခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းတို့ကို ယမန်နေ့က မြို့နယ်အဆင့် ကွင်းဆင်းစိစစ်စာရင်းကောက်ယူရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မုဒုံမြို့၌ တောင်သူများအတွက် မျိုးသန့်မျိုးပွားမျိုးစေ့ (Rs) ပေးအပ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးမည့် မျိုးစေ့ထုတ်တောင်သူများအတွက် မျိုးသန့်မျိုးပွားမျိုးစေ့ (Rs) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

သံဖြူဇရပ်မြို့နယ်၌ နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ကျောင်းသူများအား အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို မေ ၁၁ ရက်နေ့မှစ၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်လျက်ရှိသည်။

ကျိုက်မရောမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ပြုလုပ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပိန်းနဲကုန်းကျေးရွာအုပ်စု၊ သိမ်ဖြူကုန်းကျေးရွာတွင် ကျေးရွာမြေငှားဂရန်ချပေးရေးအတွက် ရက်(၁၀၀)စီမံချက်ဖြင့် မြေတိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်ရန် ကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေး၍ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် တာဝန်ရှိသူများက ကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်