သထုံ ဩဂုတ် ၂၉
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ "လင်းရောင်နီဦး" စာကြည့်တိုက် ရှင်သန်ခိုင်မာ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ရှေးဦးစွာ "လင်းရောင်နီဦး" စာကြည့်တိုက်ကော်မတီဝင်များနှင့် ရပ်မိရပ်ဖတို့က စာကြည့်တိုက်ဖြစ်ပေါ်လာမှုအခြေအနေ၊ ကော်မတီဖွဲ့စည်းထားရှိမှု၊ စာကြည့်တိုက်မြေနေရာပိုင်ဆိုင်မှု၊ ပြည်သူများ အသုံးပြုနေမှုအခြေအနေ၊ စာကြည့်တိုက် ငွေပဒေသာပင်ထူထောင်ထားရှိမှု စသည့် စာကြည့်တိုက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးကစာကြည့်တိုက် ပုံမှန်ဖွင့်လှစ်နိုင်ရေး၊ စာကြည့်တိုက်ကော်မတီ စနစ်တကျဖွဲ့စည်းနိုင်ရေး၊ စာအုပ်စာစောင်များ ဖြည့်တင်းနိုင်ရေး၊ စာကြည့်တိုက်၏ မြေနေရာ ခိုင်မာအောင်ဆောင်ရွက်နိုင်ရေးစသည်တို့ကို ညှိနှိုင်းဆွေးနွေးပြီး လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်းပေးကာ စာအုပ်စာစောင်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)