မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းအား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေးခြင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း တိကျမှန်ကန်စွာရရှိစေရေး အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာအရ သန်းခေါင်စာရင်းကောက်ယူမည် ဖြစ်ရာ စက်တင်ဘာလ (၃၀) ရက်နေ့ ည (၁၂) နာရီအချိန်တွင် ဧည့်ရိပ်သာ/ တည်းခိုခန်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံးရှိလူနာများ၊ ရဲစခန်းအချုပ်ထောင်ရှိအချုပ်သားများ၊ ရေယာဥ်ဆိပ်ကမ်းရှိ မော်တော်ယာဥ်များမှ ရေယာဥ်လုပ်သားများ သန်းခေါင်စာရင်း ကြိုတင်ကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့သည်။