သံဖြူဇရပ်မြို့နယ်ရှိ မြန်မာ့စိန်လင်းသစ်ခွဲသားစက်ရုံအား မီး​ဘေးအန္တရာယ်ကင်းဝေးစေရေးစစ်‌ဆေး​ဆောင်ရွက်

သံဖြူဇရပ် ဒီဇင်ဘာ ၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စက်ရုံအလုပ်ရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် သံဖြူဇရပ်မြို့ဝဲကလိ​ကျေးရွာရှိ မြန်မာ့စိန်လင်းသစ်ခွဲသားစက်ရုံအား သွား​ရောက်စစ်​ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးဦး​အောင်ကျော်​ထွေးနှင့်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များပါရှိသည့်မီး​ဘေးလုံခြုံရေးအဖွဲ့ဖြင့် သွားရောက်၍ ဝဲကလိ​ကျေးရွာရှိ မြန်မာ့စိန်လင်းသစ်ခွဲသားစက်ရုံ၏ မီးဘေးအန္တရာယ်မှကင်းဝေးစေ​ရေး ကြိုတင်ကာကွယ်နိုင်​ရေးအတွက် မီးငြှိမ်းသတ်ရာတွင် အသုံးပြုမည့်မီးသတ်​ဆေးဘူးများနှင့် အမြှုပ်​ဆေးရည်ဘူးများလုံ​လောက်မှုရှိ/မရှိ၊ လျှပ်စစ်မီးကြိုးများသွယ်တန်းထားရှိမှု၊ ​ရေသို​လှောင်ထားရှိမှု၊ စက်ယန္တရားများတပ်ဆင်ထားရှိမှုနှင့် စွန့်ပစ်ပစ္စည်းများစနစ်တကျထားရှိ​ရေးတို့ကို လိုက်လံစစ်‌ဆေးဆောင်ရွက်ခဲ့ကြပြီး လိုအပ်သည်များကို အကြံပြု​​​ပြောကြားခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)