သံဖြူဇရပ် ဒီဇင်ဘာ ၂
နိုင်ငံတော်အစိုးရမှ မြန်မာတစ်နိုင်ငံလုံးရှိ စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် လူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးအတွက် ယနေ့မန်မွန်းလွဲပိုင်းက ကျိုက္ခမီ(မြို့မ)စာကြည့်တိုက် ပြန်လည်ပြုပြင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စာကြည့်တိုက်ဖွံဖြိုးတိုးတက်ရေး အဆောက်အဦး ပြန်လည်ပြုပြင်ခြင်းနှင့် ပရိဘောဂ၊ စာအုပ်များ ပြန်လည်ဖြည့်တင်းဆောင်ရွက်နိုင်ရန် စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေး ရန်ပုံငွေမှ ခွင့်ပြုပေးခဲ့သည့် ငွေကျပ် သိန်းငါးဆယ်ဖြင့်ဆောင်ရွက်သည့် ကျိုက္ခမီ(မြို့မ) စာကြည့်တိုက်အား မြို့နယ်စာကြည့်တိုက်များ တည်ဆောက် အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များက အဆောက်အဦး ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်ပြီးစီးပြီဖြစ်၍ ပရိဘောဂပြုပြင်ခြင်းနှင့် အသစ်ဝယ်ယူနိုင်ရေး၊ စာအုပ်များ ဝယ်ယူဖြည့်ဆည်းနိုင်ရေးကို စာကြည့်တိုက်ဖွံဖြိုးတိုးတက်ရေး အကောင်အထည်ဖော်သည့် ကျိုက္ခမီ(မြို့မ)စာကြည့်တိုက်ဆောက်လုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)