ကျိုက်မရော၌ အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်ကြောင်းဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ကျိုက်မရော  ဒီဇင်ဘာ ၂

ကျိုက်မရောမြို့နယ်၌ (၂၀၂၄-၂၀၂၅)ပညာသင်နှစ် အ​ခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်ကြောင်းဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်က ကျိုက်မရောမြို့  အ.ထ.က ကျောင်း(ပညာအားမာန်)ခန်းမ၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးက ဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များကိုပြောကြားပြီး အခြေခံပညာ Grade-9 ဘာသာရပ်ဆိုင်ရာမေးခွန်းပုံစံနှင့် အမှတ်ပေး စည်း မျဥ်းများနှင့်ပတ်သက်၍  နည်းပြဆရာ၊ ဆရာမ(၁၈)ဦးတို့က ဘာသာရပ်အလိုက် သင်ကြားပို့ချနေသော ဆရာ၊ ဆရာများအား စာတွေ့လက်တွေ့ပို့ချဆွေးနွေးခဲ့သည်။

အဆိုပါ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲသို့ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ဘာသာရပ်ဆိုင်ရာသင်တန်း နည်းပြဆရာ၊ ဆရာမ (၅)ဦးနှင့် သင်တန်းသူ (၂၃၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)