မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ​မော်လမြိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဖြေဆိုနေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက်ပြီး (၂၀၂၄-၂၀၂၅) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ကျိုက်မရောမြို့နယ်၌ နွေရာသီ ၃၈ ဖြာ မင်္ဂလာယဥ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

ကျိုက်မရောမြို့နယ် ကော့ကလော့ကျေးရွာအုပ်စု ဥတုချောင်ကျေးရွာ၌ နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသူ၊ ကျောင်းသားများ၊ လူငယ်မောင်မယ်များအနေဖြင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြစေရန်နှင့် ဗုဒ္ဓ၏ တရားတော်များနှင့်အညီ နေထိုင်တတ်စေရန်၊ ကိုယ်စိတ်နှလုံးသိမ်မွေ့စေရန်ရည်ရွယ်၍ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ် YMBA အသင်းတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီက အ.လ.က သင်္ကန်းချောင်ကျောင်း၌ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း(၅၁)​နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်ကျိုက်မရောလမ်း၊ အပိုင်း(၃)လမ်းသစ်ဖွင့်ပွဲ အခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ် မတ်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်ကျိုက်မရောလမ်း၊ အပိုင်း(၃)လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မော်လမြိုင်ကျိုက်မရောလမ်းပိုင်း၊ စီမံကိန်းရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဆုပေးပွဲအခမ်းအနား တက်ရောက်

(၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၁၆ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခု၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြသည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ကို ယနေ့ နံနက်ပိုင်းက ချောင်းဆုံ (အ.ထ.က) စာစစ်ဌာနတွင် စာမေးပွဲပထမနေ့ (မြန်မာစာ) ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများဖြေဆိုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ စတင်ဖြေဆို

မွန်ပြည်နယ် ကျိုက်မရော မြို့နယ် ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပထမနေ့အဖြစ် မတ် ၁၇ ရက် နံနက် ၉ နာရီက မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိသည်။

မုဒုံမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံး၌ ယနေ့ နံနက် ၉ နာရီမှ စတင်၍ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ မုဒုံမြို့နယ်ရှိ စာစစ်ဌာနနှစ်ခုတွင် ကျောင်းသား/သူများ ဖြေဆိုလျက်ရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

(၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်း​တေး​ဂေါက်ကွင်း၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက်အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင်များတက်​ရောက်၍ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ကဏ္ဍပေါင်းစုံကနေ ပံ့ပိုး​ဆောင်ရွက်​ပေးလျက်ရှိပါ​ကြောင်း၊ ဂေါက်သီးရိုက်အားကစားသည် ကမ္ဘာပေါ်တွင်ထင်ရှားသော အားကစားနည်းတစ်ခုဖြစ်သလို ပျော်ရွှင်မှုများရရှိနိုင်စေခြင်း၊ သက်တူရွယ်တူအချင်းချင်း အားပေးဖော်များကောင်းမွန်စေခြင်း၊ အသင်းအဖွဲ့နှင့်နေတတ်ခြင်း၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်အလေ့အထကို ရရှိစေခြင်းစသော အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်​ကြောင်း၊ မျိုးဆက်သစ်ဂေါက်သီးရိုက်အားကစားများအား ဂေါက်သီးရိုက်အားကစားနည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို စနစ်တကျ လေ့ကျင့်ပျိုးထောင်​မွေးထုတ်ပေးကာ ပြည်နယ်၏ ဂေါက်သီးရိုက်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ​ဆောင်ရွက်​ပေးကြရန်လိုကြောင်း၊ ပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှလိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြတဲ့သူများနှင့် အနယ်နယ်အရပ်အရပ်မှ အားတက်သရော ပါဝင်ယှဉ်ပြိုင်ကြတဲ့ ​ဂေါက်သီးရိုက်အားကစားများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၁)(၃/၂ဝ၂၅)သို့ တက်ရောက်မည့် သင်တန်းသားများအား သွားရောက်တွေ့ဆုံ၍ ချီးမြှင့်ငွေပေးအပ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မွန်ပြည်နယ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၁) (၃/၂ဝ၂၅)သို့တက်ရောက်မည့် သင်တန်းသားများအား ယမန်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်း၌ သွားရောက်တွေ့ဆုံခဲ့သည်။
Subscribe to မွန်ပြည်နယ်