ကျိုက်မရော မတ် ၁၇
မွန်ပြည်နယ် ကျိုက်မရော မြို့နယ် ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပထမနေ့အဖြစ် မတ် ၁၇ ရက် နံနက် ၉ နာရီက မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိသည်။
ကျိုက်မရောမြို့နယ်တွင် အ.ထ.က. ကျိုက်မရောစာစစ်ဌာန တစ်ခုတည်းရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူ စာရင်းရှိ (၂၉၆) ဦးအနက် ဝင်ရောက်ဖြေဆိုသူ (၂၈၂) ဦးတို့ ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်သူ ကျား (၅) ဦး ၊ မ (၉) ဦး စုစုပေါင်း (၁၄) ဦး ရှိကြောင်းနှင့် ဖြေဆိုသည့် ရာခိုင်နှုန်းမှာ ၉၅ ဒသမ ၂၇ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)