ချောင်းဆုံ မတ် ၁၇
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ကို ယနေ့ နံနက်ပိုင်းက ချောင်းဆုံ (အ.ထ.က) စာစစ်ဌာနတွင် စာမေးပွဲပထမနေ့ (မြန်မာစာ) ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများဖြေဆိုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများတွင် (Grade-12) ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၆၀၈) ဦး ဖြေဆိုရန် စာရင်းပေးသွင်းခဲ့ရာ ဝင်ရောက်ဖြေဆိုသူ (၅၉၄) ဦးတို့မှ မြို့နယ်အတွင်းရှိ ချောင်းဆုံ (အ.ထ.က) စာစစ်ဌာန (၁) ခုတွင် လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)