ကျိုက်ထို မတ် ၁၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခု၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြသည်။
အဆိုပါတက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို ကျိုက်ထိုမြို့ရှိ အ.ထ.က (၁)၊ အ.ထ.က (၂) စာစစ်ဌာနတို့၌ဖြေဆိုရန် စာရင်းသွင်းထားသူ ကျား (၂၉၀) ဦး၊ မ (၄၇၂) ဦး၊ စုစုပေါင်း (၇၆၂) ဦးအနက် မြန်မာစာဘာသာရပ်ကို လာရောက်ဖြေဆိုသူ ကျား (၂၆၇) ဦး၊ မ (၄၅၇) ဦး၊ စုစုပေါင်း (၇၂၄) ဦးရှိ၍ ပျက်ကွက်သူကျား (၂၃) ဦး၊ မ (၁၅) ဦး စုစုပေါင်း (၃၈) ဦးရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၅) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ယင်းသို့တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနိုင်ရန် ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပညာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)