မုဒုံမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

မုဒုံ မတ် ၁၇

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံး၌ ယနေ့ နံနက် ၉ နာရီမှ စတင်၍ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ မုဒုံမြို့နယ်ရှိ စာစစ်ဌာနနှစ်ခုတွင် ကျောင်းသား/သူများ ဖြေဆိုလျက်ရှိသည်။

မုဒုံမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ.ထ.က (၁)မုဒုံ၊ အ.ထ.က (ကမာဝက်) စာစစ်ဌာနတို့တွင် စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသူ ၁၂၃၆ ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ ၁၂၁၀ ဦးရှိပြီး ပျက်ကွက်သူ ၂၆ ဦးရှိသဖြင့် ၉၇ ဒသမ ၉ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)