မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်နယ်မီးသတ်ဦးစီးမှူး လမ်းညွှန်မှုဖြင့် နွေရာသီမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပဒုမ္မာလူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ မီးလောင်ကျွမ်းမှုဖြစ်ပေါ်လာပါက အရေးပေါ်မီးငြှိမ်းသတ်နည်းနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ကျိုက်ထိုမြို့စည်ပင်သာယာရေးအဖွဲ့ပိုင် ပြည်သူ့ဈေး၌ ကျင်းပပြုလုပ်ခဲ့သည်။