ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လယ်ယာမြေအဆင့်မြှင်တင်ခြင်း လုပ်ငန်းဆောင်ရွက်

ကျိုက်ထို မေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ကျိုက်ပိကျေးရွာ ကွင်းအမှတ်(OSS)သောင်ကွင်းတွင် လယ်ယာမြေအဆင့်မြှင့်တင်ခြင်း ဧက(၂၀၀)လုပ်ငန်းခွင်သို့ ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းသို့ စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများအားစက်မှု လယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက လုပ်ငန်းဆောင်ရွက်မှုအား ရှင်းလင်းတင်ပြခဲ့သည်။

သမရိုးကျလယ်ယာမြေပုံစံမှ အဆင့်မြင့်ဧကကွက်များ ဖြစ်ပေါ်လာသဖြင့် မြေပြင်ညီညာပြီးရေကို ကောင်းမွန်စွာထိန်းချုပ်နိုင်သဖြင့် စပါးအထွက်နှုန်းတိုးလာခြင်းနှင့် စက်ကိရိယာများ အချိန်အခါမရွေးလုပ်ငန်း ဝင်ရောက်ဆောင်ရွက်နိုင်မည့် အကျိုးကျေးဇူးရရှိလာမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)