(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ဆွမ်းဆက်ကပ်လှူဒါန်း

မုဒုံ မေ ၅

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၆ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ပြုလုပ်သည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဖုန်းမြင့်အေးနှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးမှ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးမှ ရေစက်ချ တရားဟောကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေးရာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရာမည