ကျိုက်ထို မေ ၇
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် (အခမဲ့) ကျန်းမာရေးစစ်ဆေးပေးခြင်းကို မေ ၅ ရက်နေ့တွင် ကော့စံကျေးရွာ၌စတင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးပေးရာတွင် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးဒေါက်တာ ဘိုဘို ဦးဆောင်၍ ကျွမ်းကျင်ဆရာဝန်များ၊ ကျွမ်းကျင်ဆေးဖက်ဆိုင်ရာများ ပါဝင်သောအဖွဲ့မှ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် အဆုတ်ဓာတ်မှန်ရိုက်စစ်ဆေးခြင်းအပြင် လူအများအဖြစ်များတဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ အသားအရေနဲ့ ပတ်သက်သည့် အရေပြားရောဂါများကို ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးများကိုယ်တိုင် အခမဲ့စစ်ဆေးပေးခြင်းကို မေလ ၅ ရက်နေ့မှ မေလ ၁၆ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ သတ်မှတ်ထားသည့် ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ဝင်းမောင်