မွန်ပြည်နယ်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သားဖွားသင်တန်းကျောင်း၊ မော်လမြိုင်၊ အပတ်စဉ် (၅) ပထမနှစ်သူနာပြုသားဖွားသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ သားဖွားသင်တန်းကျောင်း၊ မော်လမြိုင်၊ အပတ်စဉ် (၅) ပထမနှစ်သူနာပြုသားဖွားသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ သားဖွားသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံပညာအထက်တန်းဆင့် သင်ကြားသင်ယူမှု ထိရောက်ရေးအတွက် (Grade-12) ဘာသာရပ်ဆိုင်ရာ (ပြည်နယ်အဆင့်) စွမ်းရည်မြှင့် ဆွေးနွေးပွဲ/သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့် သင်ကြားသင်ယူမှု ထိရောက်ရေးအတွက် (Grade-12) ဘာသာရပ်ဆိုင်ရာ (ပြည်နယ်အဆင့်) စွမ်းရည်မြှင့် ဆွေးနွေးပွဲ/သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်၊ ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် သင်ကြား၊ သင်ယူမှုလုပ်ငန်းများ ဆောင်ရွက်နေသော ဆရာ၊ ဆရာမများအရည်အသွေး မြင့်မားစေရေးအတွက် သင်ထောက်ကူ လက်တွေ့အသုံးချသင်ကြားနိုင်စေရန်ရည်ရွယ်ပြီး ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား ဆရာ၊ ဆရာမများအနေဖြင့် အခြေခံပညာအထက်တန်းဆင့် သင်ကြားသင်ယူမှု ထိရောက်ရေးအတွက် သင်တန်းမှ ပို့ချဆွေးနွေးမှုများကို အလေးထားနာယူမှတ်သားပြီး လက်ဆင့်ကမ်းပြန်လည်သင်ကြားနိုင်ရေးနှင့် သင်ကြား၊ သင်ယူမှုအရည်အသွေး ပိုမိုတိုးတက်စေရေး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

မုဒုံမြို့နယ်ရှိ ဝင်းစိန်တောရဆရာတော်ကြီး၏ သက်တော်(၁၀၄)နှစ်မြောက် မွေးနေ့ပူဇော်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြိုင်ကုန်းကျေးရွာရှိ ကမ္ဘာ့အကြီးဆုံး အတောင် ၄၀၀ ပြည့် လျောင်းတော်မူဘုရားကြီး တည်ဝင်းစိန်တောရကျောင်း ကျေးဇူးတော်ရှင် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကေသရ ဆရာတော်ကြီး၏ သက်တော် (၁၀၄) နှစ်မြောက် မွေးနေ့ပူဇော်ပွဲကို ယနေ့နံနက် ၇ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ချောင်းဆုံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ချပြရှင်းလင်းခြင်း အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြိုနယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့နှင့် မြို့နယ်ဥပဒေရုံးတို့မှ ပူးပေါင်းကာ ပြည်သူ့စစ်မှုထမ်းဥပဒေ ချပြရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြသခြင်း ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက မီးသတ်ဦးစီးဌာန ဇင်းကျိုက်မြို့နယ်မြေစခန်း၌ ပြုလုပ်ခဲ့သည်။

မော်လမြိုင်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကလေးများကို ကာကွယ်သည့် ဥပဒေများ၊ ကလေးအလုပ်သမားအကြောင်း သိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို မော်လမမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)‌၊ ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

မုဒုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်းဇာတ်တိုက်လေ့ကျင့်ခြင်းကို  ယနေ့နံနက် ၉ နာရီက ဆုမြတ်ပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်း၌ ပြုလုပ်သည်။

ချောင်းဆုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသား/သူများအနေဖြင့် စာအုပ်စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့်  အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက တကူပတီ(အ.မ.က)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်နေမှုအား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ သက္ကောကျေးရွာ၊ ကျိုက်သုတ်ကွင်း ကွင်းအမှတ်(၆၂၂)ရှိ ကျေးရွာစာကြည့်တိုက်အဆောက်အအုံသစ် တည်ဆောက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ကျေးရွာစာကြည့်တိုက်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်