ကျိုက်မရော၌ ယိုးဒယားဒူးရင်းသီးများ စတင်ထွက်ရှိပြီး စျေးကောင်းရရှိ

ကျိုက်မရော မေ ၂၆

ကျိုက်မရောမြို့နယ်တွင် ဒေသထွက်ယိုးဒယားဒူးရင်းသီးများ စတင်ထွက်ရှိလာပြီး ပေါ်ဦးပေါ်ဖျား စျေးကောင်းရရှိနေကာ ဒူးရင်းသီးခြံရှင်များ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်အတွင်း ယိုးဒယားဒူးရင်းသီးမျိုးများကို နိတုံကျေးရွာ၊ ကော့ကလော့ကျေးရွာတို့၌ အများဆုံးစိုက်ပျိုးထားကြရာ ယခုအချိန်၌ စတင်ထွက်ရှိနေပြီး ဒူးရင်းသီး တစ်ကီလိုလျှင် တစ်သောင်းကျပ်မှ တစ်သောင်းခွဲအထိ ရနေသဖြင့် မိသားစုအဆင်ပြေလျက်ရှိရာ အခြားမြို့ကြီးများသို့ ကားများဖြင့် တင်ပို့ရောင်းချလျက်ရှိသည်။

ယခုလို မိုးဦးကျရာသီ၌ ပေါ်ဦးပေါ်ဖျား ဒူးရင်းသီးများ အထွက်နှုန်းကောင်းပြီး စျေးကောင်းရရှိချိန် ခြံရှင်များ စီးပွားဖြစ်ထွန်း၍ မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း ဒူးရင်းခြံပိုင်ရှင် ဒေါ်ပြုံးထံမှသိရသည်။

မြို့နယ် (ပြန်/ဆက်)