မွန်ပြည်နယ်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ချောင်းဆုံမြို့နယ်၌ မီးဖို မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကုလားတို့ကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် (၁) စီးနှင့် ရေသယ်ယာဉ် (၁) စီးတို့ဖြင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့သည့်အတွက်  ည ၅ နာရီ ၃၅ မိနစ်အချိန်တွင် လုံးဝမီးငြှိမ်းသွားကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် မုရစ်ကြီးကျေးရွာရှိ အဆင့်မြင့် (စနစ်တကျ)လယ်ယာမြေ(၂၀၀)ဧကအား တောင်သူများထံ လွှဲပြောင်းပေးအပ်ပွဲနှင့် သဘာဝမြေဩဇာများပေးအပ်ပွဲတက်ရောက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ခွင့်ပြုရန်ပုံငွေဖြင့် စနစ်တကျ အဆင့်မြင့်လယ်ယာမြေများ ဖော်ဆောင်ပေးလျက် ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ယနေ့နံနက်(၈)နာရီက မုရစ်ကြီး(က)ကွင်း၊ကွင်းအမှတ် ၇၁၃(က)ကွင်းနှင့် သရောကွင်း ၇၁၅ တို့ရှိ အဆင့်မြင့်လယ်ယာမြေဧက(၂၀၀)အား တောင်သူများထံ လွှဲပြောင်းပေးအပ်ပွဲနှင့် သဘာဝ မြေဩဇာပေးအပ်ပွဲ အခမ်းအနား တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက  စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

ချောင်းဆုံမြို့နယ်၌ မြေပြင်လူဦးရေစာရင်း ပြန်လည်အတည်ပြုစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်းများကို ၂၀၂၂ ခုနှစ်တွင် ကောက်ယူပြီးစီးခဲ့ပြီး မြေပြင်ကွင်းဆင်း၍ ပြန်လည်အတည်ပြုစစ်ဆေးခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် ရပ်ကွက်ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကာ ယနေ့တွင် မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာရှိ စုရပ်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ စပါးသားတက်ဆင့်ပွားစိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စပါးသားတက်ဆင့်ပွားစိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ ကျောင်းတွင်းအာဟာရကျွေးခြင်းလုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပြုလုပ်သည်။

သထုံမြို့နယ်၌ ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ကျောင်းကျန်းမာရေးကော်မတီ အစည်းအဝေးနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် သခွါးသီးစိုက်တောင်သူများ မိသားစုအပိုဝင်ငွေရရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ရာသီမ‌‌ရွေးစိုက်ပျိုးနိုင်သည့် သခွားသီးစိုက်ပျိုးခြင်းကြောင့် မိသားစုအပိုဝင်‌ငွေရရှိ၍ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (ဘီးလင်း) ကျောင်း၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်