ချောင်းဆုံ မေ ၂၈
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီက အ.ထ.က(ချောင်းဆုံ) ကျောင်း သီရိရတနာခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။
ဦးစွာ အခမ်းအနားကို ချောင်းဆုံ(အထက)ကျောင်း ကျောင်းသား၊ကျောင်းသူများက “ဘက်စုံပညာကိုရည်တို့လှမ်းချီ” သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး ဦးလှဌေးက ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီးနောက် တာဝန်ရှိသူများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံစသည့် အခမဲ့ကျောင်းသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းအပ်နှံပြီးစီးမှုအခြေအနေမှာ မေ(၂၆)ရက်နေ့အထိ အခြေခံပညာမူလတန်းအဆင့် (၁၅၉၇၃)ဦး၊ အလယ်တန်းအဆင့် (၄၈၉၆)ဦးနှင့် အထက်တန်းအဆင့် (၂၁၁၃)ဦး စုစုပေါင်း ကျောင်းသား/သူ(၂၂၈၉၂)ဦး ကျောင်းအပ်နှံခဲ့ပြီးဖြစ်ကြောင်းနှင့် ဇွန်(၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)