ပေါင် ဇွန် ၁၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၁၄ ရက်နေ့ နံနက်ပိုင်းက ဒေးကင်းကျေးရွာ၊ အ.မ.က (ဒေးကင်း) ကျောင်းတွင် ပြုလုပ်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်နှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဟောပြောပွဲတွင် ပေါင်မြို့မစခန်းမှူး ဒုရဲမှူး ကျော်စိုးသန်းက ရပ်ကွက်၊ ကျေးရွာများအတွင်း မှုခင်းလျော့နည်းကျဆင်းရေးဆိုင်ရာကိစ္စရပ်များ၊ ခိုးမှု၊ လုယက်မှု၊ မုဒိန်းမှုစသည့် မှုခင်းဆိုင်ရာများနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)