ကျိုက်ထိုမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူ‌ရေးအတတ်ပညာသင် ကျောင်းသား/သူများရရှိရေး ဟောပြောပွဲဆောင်ရွက်

ကျိုက်ထို ဇွန် ၁

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူ‌ ရေးအတတ်ပညာသင် ကျောင်းသား/သူများ ရရှိရေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ရာပြည့်ခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် ကျိုက်ထိုခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး (တာဝန်) ဦးအောင်မြင့်ကျော်တို့က အဖွင့်အမှာစကားပြောကြားပြီး ကျိုက်ထိုခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဖြိုးဝင့်ကိုနှင့် ကျိုက်ထိုခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းဗိုလ်တို့က အခြေခံပညာနှင့် စက်မှုစိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် မွေးမြူရေးအတတ်ပညာ (Grade-10) နှင့် စိုက်ပျိုးရေးအတတ်ပညာ (Grade-10) ကျောင်းသား/သူများ ရရှိရေးအတွက် ဟောပြောစည်းရုံးရှင်းလင်းပြီး ရွှေဥဩအထက်တန်းကျောင်းတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုး (ပြန်/ဆက်)