ကျိုက်ထိုမြို့နယ်တွင် Placement Test ဖြေ‌ဆိုနေမှူများအား တာဝန်ရှိသူများက လိုက်လံကြည့်ရှု

ကျိုက်ထို ဇွန် ၁၆

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် Placement Test ဖြေ‌ဆိုနေမှူများအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းကြည့်ရှုခဲ့သည်။

Placement Test ဖြေဆိုခြင်းသည် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသော အခြေခံကျောင်းများ၊ ကိုယ်ပိုင် (သို့) ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အခြေခံမူလတန်းဆင့်၊ အလယ်တန်းဆင့် ကျောင်းနေအရွယ် ကလေးများအား အသက်အရွယ်အရ သတ်မှတ်ထားသည့် အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေး အထူးအစီအစဉ်နေဖြင့် ဖြေဆိုခြင်းဖြစ်ပြီး မြန်မာစာဘာသာရပ်ဖြေဆိုရန် စာရင်းရှိ (၂၀၉) ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ (၁၇၂) ဦးရှိ၍ ပျက်ကွက်သူ (၃၇) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ Placement test ဖြေဆိုရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ ပညာရေးဌာနဝန်ထမ်းများမှ ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုး (ပြန်/ဆက်)