ထန်တလန် ဇူလိုင် ၈
ချင်းပြည်နယ်၊ ထန်တလန်မြို့၊အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ် ကိုဗစ်-၁၉ရောဂါ အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေး ကော်မတီ၊ ဘာသာရေး ခေါင်းဆောင်များနှင့် အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ရောဂါ သံသယရှိသူ(၃၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာ(၄)ဦးထံမှ ရောဂါပိုး တွေ့ရှိရေကြာင်း သိရသည်။
ထန်တလန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ စစ်ဆေးခြင်းကို ဇွန်လ(၁၇)ရက်နေ့မှ ယနေ့အထိ သံသယရှိသူ(၂၄၉)ဦး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ပိုးတွေ့လူနာ ပေါင်း(၆၆)ဦးရှိသည့်အနက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ(၁၃)ရှိပြီး သေဆုံးသူ(၂)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)