ချင်းပြည်နယ်

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ၂၀၂၁−၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာအစီရင်ခံစာနှင့် ၂၀၂၂−၂၀၂၃ ခု ဘဏ္ဍာနှစ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲရေး ဆိုင်ရာ ရှင်းလင်းခြင်းသို့တက်ရောက်

၂၀၂၁−၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် ၂၀၂၂−၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် အထွေထွေပိုလျှံရန်ပုံငွေ (GRF) မှ လွှဲပြောင်းသုံးစွဲခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဆိုင်ရာ တာဝန်ရှိသူများ၏ နိုင်(၄) စာရင်းရေးသွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ နိုင်(၄)စာရင်းများအား Excel Format ဖြင့် ရိုက်သွင်းခြင်းနှင့် Software အတွင်း ထည့်သွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် မြို့သန့်ရှင်းရေးသာယာလှပရေးနှင့် နိုင်(၄)စာရင်း ရေးသွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ မြို့သန့်ရှင်း သာယာလှပရေးဆိုင်ရာနှင့် နိုင်(၄)စာရင်းရေးသွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဟားခါးမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ကြည့်ရှုအားပေး

ချင်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဟားခါးမြို့၊ အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်းရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းရေး ဆောင်ရွက်မှုကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်ကြည့်ရှုအားပေး သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂)သို့ တက်ရောက်

ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂)ကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဟားခါးတက္ကသိုလ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

ချင်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဟားခါးတက္ကသိုလ်ဝင်းအတွင်းရှိ လမ်းဘေးဝဲယာရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်ကြည့်ရှုအားပေးသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ချင်းပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရာက်အမှာစကား ပြောကြားသည်။

ဟားခါးတက္ကသိုလ်၌ ၂၀၂၂ ခုနှစ် အသစ်ခန့်အပ်သည့် နည်းပြ၊ သရုပ်ပြအသစ်များအား ကြိုဆိုပွဲ အခမ်းအနားကျင်းပ

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဟားခါးတက္ကသိုလ်တွင် ၂၀၂၂ ခုနှစ်အတွင်း အသစ်ခန့်အပ်သည့် နည်းပြ ၊ သရုပ်ပြ အသစ်များအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးတက္ကသိုလ် ၊ သမိုင်းဌာန အဆောင် ( ၃ ) ခန်းမဆောင်၌ ကျင်းပသည်။
Subscribe to ချင်းပြည်နယ်