ဟားခါး မေ ၁၄
ချင်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဟားခါးမြို့၊ အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်းရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းရေး ဆောင်ရွက်မှုကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်ကြည့်ရှုအားပေး သည်။
ထိုသို့ ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေး ဆေင်ရွက်ရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ စုစုပေါင်း အင်အား ၁၅၀ ဦးခန့်ဖြင့် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းမြက်များနှင့် အမှိုက်များ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် စစ်ဗျူဟာအခြေချ (ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည့် တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေး ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည့် ဟားခါးမြို့၊ အမှတ်(၂) အခြေခံပညာအထက် တန်းဝင်းအတွင်း စာသင်ဆောင်အတွက် အသစ်ဆောက်လုပ်ထားသော သုံးထပ်ဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)