ဟားခါးမြို့၌ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲပြုလုပ်
ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာဗဟုသုတများ သိရှိနိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပွဲကို ယမန်နေ့နံနက် ၁၀နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးဝင်းအတွင်းရှိ ရဲဇာနည်ခန်းမ၌ ကျင်းပသည်။