တွန်းဇံ အောက်တိုဘာ ၂၁
ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လယ်(၁၁)နာရီအချိန်က ခေါဝုန်လေးဆန်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးဇမ်ဆွင်းလျန်က အမှာစကားပြောကြားကာ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကျော်ဇင်လတ်က မူးယစ်ဆေးဝါးအကြောင်းများနှင့် မူးယစ်ဆေးသုံးစွဲပါက ရရှိလာမည့်ဆိုးကျိုးများအကြောင်းကို Power point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဆောက်က မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းကို ရှင်းလင်းပြောကြားပြီး တက်ရောက်သူများအား တွန်းဇံမြို့နယ်ရဲတပ်ဖွဲ့က ထုတ်ဝေသော မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြစိုး၊ ဒုမြို့နယ်ပညာရေးမှူးဦးဇမ်ဆွင်းလျန်၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အ.ထ.ကကျောင်းအုပ်ဆရာကြီးနှင့်ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၁၄၃) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ဇိုဇွန်းပါလ်