မင်းတပ် အောက်တိုဘာ ၁၄
မင်းတပ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံတွင် စစ်နယ်မြေမှူး၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ စုပေါင်းသန့်ရှင်းရေးနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက် (၇)နာရီခွဲအချိန်တွင် ကျင်းပသည်။
စစ်နယ်မြေမှူး ဗိုလ်မှူးကြီး ကျော်ဝင်းမြင့်၏ ဦးဆောင်မှုဖြင့် ခရိုင်ပြည်သူ့ဆေးရုံ အတွင်း/ အပြင်နှင့် ခရိုင်ပြည်သူ့ဆေးရုံ ပရဝဏ်အတွင်းရှိ ချုံများထူထပ်လျက်ရှိသည့် နေရာများ ရှင်းလင်းခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စုပေါင်းသန့်ရှင်းရေးကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများဖြင့် စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် စစ်နယ်မြေမှူး ဗိုလ်မှူးကြီး ကျော်ဝင်းမြင့်၏ အစီအစဉ်ဖြင့် ခရိုင်ပြည်သူ့ဆေးရုံတွင် လူနာများအား ဆေးကုသပေးနေသည့် စစ်ဗိုလ်ကြီး ဆရာဝန်(၂)ဦးကို တစ်ဦးလျှင် ကျပ်သုံးသိန်းနှုန်းဖြင့်လည်းကောင်း၊ သူနာပြု(၂)ဦးကို တစ်ဦးလျှပ် ကျပ်တစ်သိန်းခွဲနှုန်းဖြင့်လည်းကောင်း၊ ဆေးရုံတက်ရောက်နေသည့် လူနာ(၁၀)ဦးကို ကြက်ဥ၊ နို့ဆီနှင့် သကြားတို့ စစ်နယ်မြေမှူးကိုယ်စား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)