ဟားခါးမြို့၌ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲပြုလုပ်

ဟားခါး အောက်တိုဘာ ၂၄

ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာဗဟုသုတများ သိရှိနိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပွဲကို ယမန်နေ့နံနက် ၁၀နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးဝင်းအတွင်းရှိ ရဲဇာနည်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ချင်းပြည်နယ်၊ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်ကိုဦးက အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအမ်းအင်းလမ်းနှင့် အမှတ်(၄) မူယစ်တပ်ဖွဲ့စု၊ ရဲအုပ် ကျော်လင်းဦးက မူးယစ်ဆေးဝါးအန္တရာယ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ အမှတ်(၁၆) ယဉ်ထိန်း ရဲတပ်ဖွဲ့စု၊ ဒုရဲမှူး ကျော်စိုးနိုင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ Power Point ဖြင့် အကျယ်တစ်ဝင့် အသိပညာပေး ရှင်းလင်းဟောပြောကြပြီး၊ မူးယစ်ဆေးဝါးအသိပညာပေး လက်ကမ်းစာစောင်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းးစာစောင်များ ဖြန့်ဝေကာ ချင်းပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယရဲတပ်ဖွဲ့မှူးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။

အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ ချင်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့် မိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဟားခါးမြို့ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက် )