ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဟားခါးပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး၊ လူနာများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဟားခါး  အောက်တိုဘာလ ၁၄

ချင်းပြည်နယ်၊ ဟားခါးမြို့ စစ်ဗျူဟာအခြေချ(ဟားခါး)မှ အရာရှိ၊ စစ်သည်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဟားခါးပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးစိုးလွင်မိုး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ကျော်စိုးဝင်းနှင့် စစ်ဗျူဟာအခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဟိန်းထက်အောင်တို့က သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ထို့နောက် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဟားခါးပြည်သူ့ဆေးရုံအုပ်ကြီး၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဟားခါးပြည့်သူ့ဆေးရုံကြီးတွင် တွဲဖက်တာဝန်ထမ်းဆောင်နေကြသော တပ်မတော်ဆရာဝန်ကြီးများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဟားခါးပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေသော လူနာများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး  ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် စစ်ဗျုဟာမှူးတို့က လူနာများအား  တစ်ဦးခြင်း ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)