ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း ( ၂/၂၀၂၃ ) အစည်း အဝေးကို နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ် ဝန်ကြီးချုပ် ရုံးခန်းမဆောင်၌ ကျင်းပရာ ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်းနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။