ချင်းပြည်နယ်

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ် MSME ချေးငွေစိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၃) သို့ တက်ရောက်

ချင်းပြည်နယ် MSME ချေးငွေစိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွန်းဇံမြို့၌ မြို့တွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ချင်းပြည်နယ် တွန်းဇံမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ မြို့တွင်းသန့်ရှင်းသာယာလှပရေး ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် RC ဘုရားကျောင်းအနီး လမ်းမကြီးဘေး၊ ခေါလိုင်ဂိုးဇန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် ခေါဝုန်လေးဆန်ရပ်ကွက်ရှိ မူလွန်ကျောင်းအနီးတို့တွင် နိုဝင်ဘာ ၁၁ ရက်နံနက် (၈) နာရီအချိန်က ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဟားခါးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် စာသင်ကြားပေးနေသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ကြည့်ရှုအားပေး

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၁၁ ရက်နေ့  နံနက် ၈ နာရီခွဲက စုပေါင်းဆောင်ရွက်ကြသည်

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂ / ၂၀၂၃)သို့ တက်ရောက်

ချင်းပြည်နယ် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂ / ၂၀၂၃) ကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။

တွန်းဇံမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ

ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲ(၂) နာရီအချိန်က ကျင်းပပြုလုပ်သည်။

ဖလမ်းမြို့၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများသည် ဗလငါးတန်နှင့် ပြည့်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေဖတ်ရှုလေ့လာ မှတ်သားတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ လူအများကြားတွင် ဆွေးနွေးပြောဆိုတတ်သည့် အလေ့အထများ ဖြစ်လာစေရန်၊ အသိပညာ ဗဟုသုတကြယ်ဝသည့် ကျောင်းသားလူငယ်များ ဖြစ်လာစေရန်နှင့် အစုအဖွဲ့ဖြင့် ပြောဆိုတတ်သည့် အလေ့အကျင့်များ ဖြစ်လာစေရန် ရည်ရွယ်လျက် လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရှလွယ်ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

တွန်းဇံမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်နှင့် ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က တွီးတူမ်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၊စာသင်ခန်း၌ ကျင်းပပြုလုပ်သည်။

တွန်းဇံမြို့နယ်ရုံးCommunity Centre ခန်းမတွင် စာအုပ်၊ စာပေ ချစ်မြတ်နိုးသူများက စာဖတ်ဝိုင်း‌ ဆွေးနွေးပွဲပြုလုပ်

ချင်းပြည်နယ် တွန်းဇံမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် စာအုပ်၊ စာပေ ချစ်မြတ်နိုးသူများ တိုးပွားလာစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများက ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးအသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ၊ ဒေသန္တရအဆိုပြု စီမံကိန်းလုပ်ငန်းလျာထားချက်များအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရအဆိုပြုစီမံကိန်းလုပ်ငန်းလျာထားချက်များအား ရှင်းလင်း တင်ပြခြင်း အစည်းအဝေးကို နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။
Subscribe to ချင်းပြည်နယ်