တွန်းဇံမြို့၌ မြို့တွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

တွန်းဇံ နိုဝင်ဘာ ၁၃

ချင်းပြည်နယ် တွန်းဇံမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ မြို့တွင်းသန့်ရှင်းသာယာလှပရေး ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် RC ဘုရားကျောင်းအနီး လမ်းမကြီးဘေး၊ ခေါလိုင်ဂိုးဇန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် ခေါဝုန်လေးဆန်ရပ်ကွက်ရှိ မူလွန်ကျောင်းအနီးတို့တွင် နိုဝင်ဘာ ၁၁ ရက်နံနက် (၈) နာရီအချိန်က ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ မြို့အင်္ဂါရပ်နှင့်အညီ စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်ရာ၌ RC ဘုရားကျောင်းအနီး လမ်းမကြီးဘေး ကမ်းပါးနံရံနှင့် ခေါလိုင်ဂိုးဇန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့လမ်းမကြီးဘေး ကမ်းပါးနံရံရှိ ချုံနွယ်များအားခုတ်ထွင်ရှင်လင်းပြီး ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ လမ်းမြေကျွံ ချိုင့်ခွက်နေရာနှင့် ခေါဝုန်လေးဆန်ရပ်ကွက် မူလွန်ကျောင်းအနီး လမ်းမကြီးမြေကျွံ ချိုင့်ခွက်နေရာများအား JCB (၂)စီးဖြင့် မြေဖို့၊ မြေညှိခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြို့တွင်းသန့်ရှင်းသာယာလှပရေး၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ အတွင်းရေးမှူး ရဲမှူးမြစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ စုပေါင်းအင်အား (၁၉၇) ဦးက စုပေါင်းသန့်ရှင်း‌ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇိုဇွန်းပါလ်(ပြန်/ဆက်)