ဟားခါး နိုဝင်ဘာ ၁၅
ချင်းပြည်နယ် MSME ချေးငွေစိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က ယခုအစည်းအဝေး သည် ချင်းပြည်နယ် MSME ချေးငွေစိစစ်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ဖြစ်ကြောင်း၊ MSME ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့က ပေးပို့လာသည့် အမိန့်ကြော်ငြာစာ (၂/၂၀၂၃)ပါ MSME ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ သက်တမ်းရှိ MSME member card ကိုင်ဆောင်သူသများအနေဖြင့် အလွန်သက်သာသည့် အတိုးနှုန်း ချေးငွေခံစားနိုင်မည်ဖြစ်သဖြင့် အမျိုးသမီးများနှင့် မသန်စွမ်းသူများအပါ အကျုံးဝင်သောသူများ လက်ငင်းအကျိုးခံစား စေလိုပါ သဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ချင်းပြည်နယ် MSME ချေးငွေစိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက MSME ချေးငွေစိစစ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် မူဝါဒလုပ်ထုံး လုပ်နည်းများကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် ပြည်နယ် MSME ချေးငွေစိစစ်ရေးကော်မတီ၊ အတွင်းရေးမှူး၊ ပြည်နယ်စက်မှုူ ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလာကျုံးနှင့် တက်ရောက်လာသည့် ကော်မတီဝင်များက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်မည့်လုပ်ငန်း အစီအမံများကို ဆွေးနွေး တင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များပေါ် တက်ရောက်လာသည့် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းသိန်းတို့က အကြံပြု ဖြည့်စွက်ဆွေးနွေးတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)