ဟားခါးမြို့နယ်တွင် ဝဥတန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နိုင်မှုကော်မတီ၊ ဝဥစိုက်ပျိုးသူ တောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်
ဟားခါးမြို့နယ်တွင် ဝဥတန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နိုင်မှုကော်မတီ၊ ဝဥစိုက်ပျိုးသူ တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဟားခါးမြို့နယ်ဝဥစိုက်ပျိုးရေးကုန်ထုတ်နှင့်အထွေထွေစီးပွားရေးလုပ်ငန်းကော်မတီမှ ကော်မတီဝင်များ တက်ရောက်ကြသည်။