ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် “Training on Effective Strategies for New Curriculum” အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ဟားခါး စက်တင်ဘာ ၉

ချင်းပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဟားခါးပညာရေးဒီဂရီကောလိပ်က ကြီးကြပ်ဖွင့်လှစ်ပို့ချမည့် “Training on Effective Strategies for New Curriculum” အမှတ်စဉ်(၂)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်နှင့်ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းနှင့်ဇနီး၊ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချို၊ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ဟားခါးခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ ၊ သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က နိုင်ငံတကာသုတေသန ပြုလုပ်ချက်များ အရ ကျောင်းသားများ၏ သင်ယူမှုရလဒ်သည် ဆရာ၏ သင်ပြနည်းပေါ်တွင် အဓိကမူတည်သည်ကို တွေ့ရှိရပါကြောင်း၊ ပြောင်းလဲသွားသည့် သင်ရိုးတစ်ခုချင်းစီ၏ Learning outcomes များ ပေါက်မြောက်ရန်နှင့် ၂၁ ရာစုပညာရေး၏ 5 C’s ဖြစ်သော critical thinking, creativity, communi- cation, collaboration နှင့် character တို့ကို ကျောင်းသားများအားလုံး ရရှိသွားစေရန် ဆရာများ သည် teaching techniques ကို ပိုင်နိုင်ရုံသာမက mastery of subject matter ဖြစ်ရန် လိုအပ်ပါ ကြောင်း ၊ ထို့ကြောင့် ခြေခံပညာအထက်တန်းကျောင်းအဆင့်သင်ကြားပေးသော ဆရာ၊ ဆရာမများ ၏ စွမ်းရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး ပြောင်းလဲသွားသော သင်ရိုးတစ်ခုချင်းစီ၏ Learning out-comes များ ပေါက်မြောက်အောင် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သို့မှသာ ချင်းပြည်နယ် ၏ တက္ကသိုလ်ဝင်တန်းအောင်ချက်ပိုမိုမြင့်မားလာပြီး international language ဖြစ်သည့် အင်္ဂလိပ်စာ ကို ကျောင်းသား၊ ကျောင်းသူများ ကျွမ်းကျင်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၊ ဤသင်တန်းတွင် အခြေခံပညာအထက်တန်းဆင့် သင်ရိုးသစ်တွင်ပါဝင်သော four skills သင်ကြားခြင်းအတွက် အရေးကြီးသည့် သင်နည်းများနှင့် ချဉ်းကပ်နည်းများကို သင်ကြားပို့ချသွားမည်ဖြစ်သဖြင့် သင်တန်းပြီး မြောက်သွားပါက လက်တွေ့အသုံးချကြရန် တိုက်တွန်းကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ဟားခါးပညာရေးဒီဂရီကောလိပ်၊ သင်ပြနည်းဌာနမှ ကထိက ဒေါ်ငွန်လျန်မွေးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများအား နုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက် )