ချင်းပြည်နယ်

ထန်တလန်၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း VRFP ရန်ပုံငွေများကို ကျေးရွာ(၅)ရွာအတွက် လွှဲပြောင်းပေးအပ်

ထန်တလန်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း VRFP ရန်ပုံငွေများအား ကျေးရွာများသို့ လွှဲ‌ပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ရေဇွာမြို့ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းများအား ထုတ်ပြန်ကြေညာ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်များတွင် အသက်၁၈နှစ်ပြည့်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်၍ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ထုတ်ပြန်ကြေညာလျက်ရှိကြောင်းသိရသည်။

ရိခေါ်ဒါရ်မြို့၌ (၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်စီနှင့် သန်ချဆေးတိုက်ကျွေးပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ရိခေါ်ဒါရ်မြို့အတွင်းရှိ အသက် ငါးနှစ်အောက် ကလေးငယ်များအား ဗီတာမင်စီနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၈ နာရီမှစ၍ စတင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမြေထိန်းနံရံ တည်ဆောက်ရေး လုပ်ငန်းများအား ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ကွင်းဆင်း ကြည့်ရှုစစ်ဆေး

တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံး၏ အရှေ့ဘက် အဝင်ပေါက်လမ်းခင်းကျင်း နိုင်ရေးအတွက် ကျောက်စီမြေထိန်းနံရံ စုစုပေါင်း(၄)ခုနှင့် ရေနုတ်မြောင်း တည်ဆောက်မှုအခြေအနေများကို ယမန်နေ့တွင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မတူပီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်

ချင်းပြည်နယ် မတူပီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက မတူပီမြို့ စန်ဘောင် လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

မင်းတပ်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် မြူများအုံ့ဆိုင်းနေသဖြင့် ကား/ဆိုင်ကယ်များ သတိပြုသွားလာနေရ

ချင်းပြည်နယ် မင်းတပ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့်မြူများ အုံ့ဆိုင်းနေသဖြင့် လမ်းမကြီး တစ်လျှောက်တွင် ကား/ဆိုင်ကယ်များ အထူးသတိပြု သွားလာနေရကြောင်းသိရသည်။

ထန်တလန်မြို့၌ မိခင်ဝိုင်းအသိပညာပေး သင်တန်းဖွင့်လှစ်

ချင်းပြည်နယ်၊ ဟာခါးခရိုင်၊ ထန်တလန်မြို့၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး ရည်ရွယ်လျက် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ဖွင့်လှစ်သော မိခင်ဝိုင်းအသိပညာပေး သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက Thantlang Association Baptist Church Center (TABC) ၌ ကျင်းပပြုလုပ်သည်။

ထန်တလန်မြို့တွင် ပြည်သူများ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာရေး စစ်ဆေးဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန် ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာရေး စစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ထန်တလန်မြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက်တွင် ဆောင်ရွက်ခဲ့ကြသည်။

COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး နေ့စဉ် ကွင်းဆင်း ဆောင်ရွက်လျက်ရှိ

ချင်းပြည်နယ်အတွင်း COVID - 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီနှင့်အတူ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စစ်ဗျူဟာအခြေချ (ဟားခါး) အနေဖြင့် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန့်စင်ဦး ဦးဆောင်သော အရာထမ်း၊ အမှုထမ်း တပ်ဖွဲ့ဝင်များသည် မတ်လ ၂၉ ရက်နေ့တွင် ဟားခါးမြို့ စျေးဟောင်းရပ်ကွက်ရှိ ဟားခါးနှစ်ခြင်းဘုရားကျောင်း (HBC)နှင့် မတ်လ ၃၀ ရက် နံနက် ၁၀ နာရီအချိန်တွင် ပြည်​​​တော်သာရပ်ကွက်ရှိ ဧမာနွေလ နှစ်ခြင်းဘုရားကျောင်း(IBC)၊ စျေးသစ်ရပ်ကွက်ရှိ ဇိအုန် နှစ်ခြင်းဘုရားကျောင်းတို့သို့ ရောက်ရှိပြီး COVID - 19 ရောဂါ ကူးစက်မှု မရှိစေရေး ပိုးသတ်ဆေးများဖျန်းခြင်း၊ ဆေးဝါးပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းနှင့် သိက္ခာတော်ရ ဆရာတော်များနှင့် ဓမ္မအမှုတော်ဆောင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းများကို သက်ဆိုင်ရာ ဘုရားကျောင်းများမှ သိက္ခာတော်ရဆရာတော်များနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါသည်။

မတူပီမြို့သို့ ပြည်ပနိုင်ငံများမှ ရောက်ရှိလာသူများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီမြို့သို့ ပြည်ပနိုင်ငံများမှ ရောက်ရှိလာသူများကို ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်ပပြန်လာသူများနှင့် စောင့်ကြည့်လူနာများ ထားရှိ ရန်အတွက် မတူပီမြို့၊ အထက(၁)ကျောင်း၌ လူဦးရေ(၂၀)ဦးအတွက် နေရာကြိုတင် ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Subscribe to ချင်းပြည်နယ်