ချင်းပြည်နယ်

ဖလမ်းမြို့ရှိ စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စု (၁၇၇)စုအား ဆန်များ အခမဲ့ ဖြန့်ဝေပေး

ဖလမ်းမြို့ရှိ စားဝတ်နေရေးခက်ခဲသော ပြည်သူများအား ယနေ့ နံနက်ပိုင်းမှစ၍ မိုးလုံလေလုံ အားကစားခန်းမ၌ ချင်းလူမှုကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင် (CRCDF) အဖွဲ့က ဆန်အခမဲ့ စတင်ဖြန့်ဝေခဲ့သည်။

ချင်းပြည်နယ် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီမှ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှုမရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ချင်းပြည်နယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့်မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း၍ ဟားခါးမြို့အတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှု မရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့ အဝေးပြေးကားဂိတ်နေရာတွင် ကားဝင်းအတွင်း ခရီးသည်တင် မော်တော်ယာဉ်များ၊ ဂိတ်မှူးရုံးခန်းများ၊ ပစ္စည်းထားရှိရာနေရာများနှင့် ခရီးသည်ထိုင်နေရာများ အားလုံးကို ပိုးသတ်ဆေးများ ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။

မင်းတပ်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဖွေအားတက်ရောက်

မင်းတပ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Covid-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ရာ ချင်းပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဖွေအားက အမှာစကား ပြောကြားသည်။

ထန်တလန်မြို့တွင် Home Quarantine များမှ လိုက်နာရန်အချက်များကို ရပ်ကွက်များတွင် အသိပေးနှိုးဆော်

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ယမန်နေ့ နေ့လယ်အချိန်က ပြည်ပနှင့် ၊ ရန်ကုန်၊ မန္တလေး၊ ကလေးမြို့ မှ ရောက်ရှိလာသူများကို Home Quarantine အဖြစ် သက်မှတ်ထားပြီး အဆိုပါ ပြန်လာသူများ အတွက် လိုက်နာရန် အချက်များကို ထန်တလန်မြို့ပေါ် လူငယ်တွေက ရပ်ကွက်အလိုက် ချင်းတိုင်းရင်းသားစကားဖြင့် အသိပေးနှိုးဆော်ကြောင်း သိရသည်။

မတူပီမြို့၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်ရန်အတွက် ယနေ့ နံနက်(၇) နာရီ အချိန်၌ မတူပီမြို့၊ စည်ပင်ဈေး၊ အဝေးပြေး ယာဉ်လိုင်းများနှင့် သာမန်ယာဉ်များတွင် သာမိုမီတာဖြင့် အဖျားတိုင်း တာခြင်းနှင့် ပိုးသတ်ဆေး ပက်ဖျန်းခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဖလမ်း( ဆူရ်ဘုန် )လေယာဉ်ကွင်း ဧရိယာအတွင်း ဝင်/ထွက် ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသန္တရအမိန့်ထုတ်ပြန်

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်း ဧရိယာအတွင်း ဝင်/ထွက် ဖြတ်သန်းသွားလာခြင်း၊ လုပ်ငန်းခွင်လာရောက်လေ့လာခြင်းများ မပြုလုပ်ရန် ဖလမ်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မတ် ၂၇ ရက် ဒေသန္တရအမိန့်(၂/၂၀၂၀)ဖြင့် ထုတ်ပြန်ခဲ့သည်။

ချင်း(ဖလမ်းဘာသာ)ဖြင့် ထုတ်ဝေသော COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

ချင်း (ဖလမ်းဘာသာ)ဖြင့် ထုတ်ဝေသော COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ကို ယနေ့ နံနက် ၇ နာရီခွဲက ဖလမ်းမြို့၊ လူစည်ကားရာ နေရာများ၌ ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြန့်ဝေသည်။

ချင်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ​ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်​ရေး ဟားခါမြို့အဝင် လုံခြုံရေးဂိတ်၌ ခရီးသွားပြည်သူများအား စစ်​ဆေးမှုများ ​နေ့စဉ်ဆောင်ရွက်လျက်ရှိ

ချင်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ​ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်​ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဘက်​ပေါင်းစုံမှ ​နေ့စဉ် အရှိန်အဟုန်မြှင့် ​ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၇ ရက်​နေ့က ဟားခါးမြို့သို့ လာ​ရောက်ကြသည့် ခရီးသွားပြည်သူများကို ဟားခါးမြို့အဝင် လုံခြုံ​ရေး စစ်​ဆေး​ရေးဂိတ်၌ ကျန်းမာ​ရေး​စောင့်ကြည့်စစ်​ဆေးမှုများနှင့် ပညာ​ပေးလုပ်ငန်များ​ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

မတူပီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဖျား တိုင်းတာခြင်း၊ ဆေးပက်ဖြန့်ခြင်း၊ အသိပညာပေးပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် အရှိန်အဟုန်မြှင့်တင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

တီးတိန်တွင် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ကျရာနေရာမှ တာဝန်ထမ်းဆောင်ရန် မိမိတို့ဆန္ဒအလျောက်အဆိုပြုထားသည့် ဆရာဝန် ၅ ဦး လုပ်ငန်းများစတင် ဆောင်ရွက်လျက်ရှိ

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ကျရာနေရာမှ တာဝန်ထမ်းဆောင်ရန် မိမိတို့ ဆန္ဒအလျောက် အဆိုပြုထားသည့် ဆရာဝန် ၅ ဦးသည် မတ်လ ၂၅ ရက်နေ့က တီးတိန်မြို့သို့ ရောက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပေးအပ်သည့် ဆေးပစ္စည်းများ၊ လိုအပ်သည့်အထောက်အပံ့ ပစ္စည်းများကို ပေးအပ်ပြီး တာဝန်ခွဲဝေ၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းအစီအစဉ်ရေးဆွဲကာလူနာကိုစောင့်ကြပ်ကြည့်ရှုခြင်း၊ ကပ်တဲလ်ကျေးရွာသို့ ကွင်းဆင်းခြင်း၊ လူနာနှင့်ထိတွေ့သောသူများနှင့် တီးတိန်ကို နိုင်ငံခြားမှပြန်လာသည့် သူများစာရင်းကောက် ယူခြင်း၊စောင့်ကြည့်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်