မတူပီ သြဂုတ် ၄
ချင်းပြည်နယ် မတူပီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက မတူပီမြို့ စန်ဘောင်လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် ဦးဆောင်ကာ မတူပီမြို့မရဲစခန်းမှူး ကျော်ဝင်းလှိုင်နှင့် အမှတ် ၁၀၄ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ဒုရဲအုပ် အောင်ကျော်ကျော်ဦးတို့က ပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် လုံခြုံရေးဆိုင်ကယ်စီး ဦးထုပ်ဆောင်းရန်၊ မေးသိုင်းကြိုးတပ်ဆင်ရန်၊ နောက်ကြည့်မှန်တပ်ဆင်ရန်၊ နေ့အချိန်တွင်လည်း ဆိုင်ကယ်ရှေ့အနိမ့် မီးဖွင့်မောင်းနှင်ရန်၊ ဆိုင်ကယ်နံပါတ်ပြား တပ်ဆင်ရန်၊ ဆိုင်ကယ်အိတ်ဇောတွင် အသံထိန်းကိရိယာတပ်ဆင်ရန်၊ မော်တော်ယာဉ်မောင်းနှင်ရာတွင် အသက်ကယ်ခါးပတ်တပ်ဆင်ရန်၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးမပြုရန် စသည့်အချက်များကို ဥပဒေနှင့်အညီ သိရှိလိုက်နာကြရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ မတူပီမြို့မ ရဲစခန်းမှူး ကျော်ဝင်းလှိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကွီလိုင်း၊ အမှတ် ၁၀၄ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ဒုရဲအုပ်အောင်ကျော်ကျော်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်