ချင်းပြည်နယ်

ရိခေါ်ဒါရ်၌ မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဒုတိယအကြိမ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၏ စီစဉ်ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဒုတိယအကြိမ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရိခေါ်ဒါရ်မြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မဲဆန္ဒရှင်စာရင်း ပိုမိုပြည့်စုံမှန်ကန်စေရန် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို (၇) ရက် ထပ်တိုး ကပ်ထားမည်

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကို သတ်မှတ်ပုံစံအတိုင်း ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၇ ရက်နေ့ထိ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေကြီး ရေတိုက်စားကာ ဖလမ်း-ရိဒ်လမ်းရှိ တလိုင်ရောန်း တံတား ပျက်စီး

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေကြီး ရေတိုက်စားကာ ဖလမ်း-ရိဒ်လမ်းပေါ်ရှိ တလိုင်ရောန်း တံတားသည် ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က ပျက်စီးသွားကြောင်း ဖလမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

မင်းတပ်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ ကျင်းပ

ချင်းပြည်နယ် မင်းတပ်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက မင်းတပ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။

ဟားခါး၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကို လိုက်နာမှုမရှိဘဲ မော်တော်ယာဉ်မောင်းနှင်သွားလာသူများအား ဥပဒေနှင့်အညီစတင်အရေးယူ

ချင်းပြည်နယ် ဟားခါးမြို့အတွင်း စီးနင်းလျက်ရှိသော မော်တော်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးရည်ရွယ်၍ အသစ်ထုတ်ပြန်ထားသည့် မော်တော်ယာဉ်များ မောင်းနှင်နေစဉ် လိုက်နာရမည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအသစ်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား အရေးယူဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့၊ ဗိုလ်ချုပ် လမ်းမကြီးတစ်လျှောက်တွင် အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (ဟားခါး)မှ စတင်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရေဇွာ၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့​​ကြောင်း သိရသည်။

ခိုင်ကမ်းမြို့တွင် အခြေခံငါးမွေးမြူရေးပညာပေးသင်တန်း ဒုတိယအကြိမ် ဖွင့်လှစ်ပို့ချ

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ပြည်နယ်အတွင်း ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒေသနေပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန် ရည်ရွယ်ပြီး အခြေခံငါးမွေးမြူရေးသင်တန်းကို ယနေ့နံနက် ၈ နာရီက ပြည်နယ်ငါးလုပ်ငန်းစခန်း (ခိုင်ကမ်း)၌ ဖွင့်လှစ်ခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သိုင်းငင်းကျေးရွာ တီးတိန်-ကလေး ကားလမ်းအနီးတွင် မြေပြိုမှုဖြစ်ပွား

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သိုင်းငင်းကျေးရွာ တီးတိန်-ကလေး ကားလမ်းအနီး မိုင်တိုင် အမှတ် ၃၀/၂ နှင့် ၃၀/၃ အ​ကြားတွင် ပေ ၃၀၀ ခန့်မြေပြိုမှု ဖြစ်ပွားကြောင်း သိရသည်။

တိုက်ပွဲရှောင်စခန်းများသို့ မိုးရာသီသုံး လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်း

ချင်းပြည်နယ် ဆမီးမြို့ရှိ တိုက်ပွဲရှောင်စခန်းများသို့ မိုးရာသီသုံး လူသုံးကုန်ပစ္စည်းများကို သြဂုတ်လ (၅)ရက်နေ့က မျှော်လင့်ခြင်းတောင်ပံပရဟိတအသင်းက လာရောက် လှူဒါန်းကြောင်း သိရသည်။

ဆမီးမြို့၌ ကော်ဖီပင်စိုက်ပျိုးရေးနည်းပညာသင်တန်းဖွင့်လှစ်

ချင်းပြည်နယ်၊ ဆမီးမြို့တွင် ဒေသခံတောင်သူများအနေဖြင့် ရွှေ့ပြောင်းတောင်ယာစနစ် အစားထိုး ကော်ဖီပင်စိုက်ပျိုးရေး နည်းပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် စိုက်ပျိုးရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ချင်းပြည်နယ်