ဖလမ်း သြဂုတ် ၇
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို သတ်မှတ်ပုံစံအတိုင်း ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၇ ရက်နေ့ထိ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာခဲ့သည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းကို ပိုမိုပြည့်စုံမှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် အချိန်ပိုမိုရရှိစေရန် သြဂုတ်လ ၈ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့ထိ (၇) ရက် ထပ်မံတိုးမြှင့် ကပ်ထားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်