မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေကြီး ရေတိုက်စားကာ ဖလမ်း-ရိဒ်လမ်းရှိ တလိုင်ရောန်း တံတား ပျက်စီး

ဖလမ်း                ဩဂုတ် ၇

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေကြီး ရေတိုက်စားကာ ဖလမ်း-ရိဒ်လမ်းပေါ်ရှိ တလိုင်ရောန်း တံတားသည် ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က ပျက်စီးသွားကြောင်း ဖလမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး  ဦးစီးဌာနရုံးမှ သိရသည်။

ဖလမ်းမြို့နယ်၊ ကလောမွန်အုပ်စု၊ ကျဲမွန်ရွာအနီးရှိ ဖလမ်း- ရိဒ်လမ်း ကီလိုမီတာ(၁၂/၄) နှင့် ကီလိုမီတာ(၁၂/၆)ကြားရှိ တံတားအမှတ် ၃/၁၃ တလိုင်ရောန်း ဘေလီ တံတား ပေ(၈၀×၁၂) သည် ချောင်ရေကြီး ရေတိုက်စားမှုကြောင့် ပေ(၂၀)ခန့် ပျက်စီးသွားကြောင်းသိရသည်။

အဆိုဖြစ်စဉ်ကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်းနှင့် ဖလမ်း-ရိဒ်လမ်းကို ကျဲရ်မွန်-ခေါရွာ-ခင်ကန်-တလပ်လွန်-ဖလမ်း လမ်းကြောင်းအတိုင်း အဆင်ပြေစွာ သွားလာနိုင်ရေး လမ်းဦးစီးဌာနမှ စက်ကြီးများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဂျွန် (ပြန်/ဆက်)