ချင်းပြည်နယ်

ထန်တလန်မြို့၌ Porcine Circovirus Type-2 (PCV-2) ရောဂါကြောင့် ယနေ့အထိ ဝက် ၁၃၆၀ ကောင် သေဆုံး

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ပြည်သူများအပိုဝင်ငွေရရှိသည့် အိမ်မွေးဝက်များ Porcine Circovirus Type-2 (PCV-2)ကြောင့် သေဆုံးမှုဖြစ်ပွားလျက်ရှိရာ ဧပြီလ ၂၀ ရက်နေ့မှ ယနေ့အထိ ဝက်(၁၃၆၀) ကောင် သေဆုံးမှုဖြစ်ပွားလျက်ရှိကြောင်း ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ စာရင်းကောက်ယူချက်အရသိရသည်။

ရိခေါ်ဒါရ်၌ နေရပ်ပြန်လာသူ ၁၀ ဦးတို့အား သက်ဆိုင်ရာ Facility Quarantine နေရာအသီးသီးသို့ စောင့်ကြည့်ထားရှိရန် ပို့ဆောင်ပေး

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား ၁၀ ဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိ လာကြပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် သက်ဆိုင်ရာ Facility Quarantine နေရာအသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ခိုင်ကမ်းမြို့တွင်အသက် ၅ နှစ်အောက် ကလေးငယ်များအား ဗီတာမင် အေနှင့် သံချဆေးတိုက်ကျွေး

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ အသက် (၆) လမှ (၅) နှစ်အောက် ကလေးငယ်များ ရောဂါကာကွယ်ရန် လိုအပ်သော ဗီတာမင် (အေ) နှင့် သံချဆေးများကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ကျေးလက်ကျန်းမာရေးဌာနခွဲ (ခိုင်ကမ်း) တွင် ဆေးတိုက်ကျွေးခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

မတူပီခရိုင်လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်း (ဒုတိယနေ့) ဆက်လက် ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မတူပီခရိုင် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းဒုတိယနေ့ကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့ အခြေခံပညာ အထက်တန်းကျောင်းသို့ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ၄၃၀ ခု လှူဒါန်းပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ဟွာလ်ငိုဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းအောက်ရှိ အမျိုးသမီးရေးရာ ကိုယ်ထူကိုယ်ထအဖွဲ့မှ ရိခေါ်ဒါရ်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို ယမန်နေ့က ပေးအပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကျီခါးမြို့၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများအား ပြည်သူများသိရှိနိုင်ရေး မြေစိုက် နံရံကပ်ပြဘုတ် တွင် ပြသဆောင်ရွက်ပေး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှင့်ပတ်သက်၍ ပြည်သူများ အလွယ်တကူဖတ်ရှုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့် ပိုစတာများကို ရုံးရှေ့မြေစိုက်နံရံကပ် ပြဘုတ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြသဆောင်ရွက်ပေး လျက်ရှိသည်။

ရေဇွာမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ချင်းပြည်နယ် လူငယ်ရေးရာ ကော်မတီမှ ဦးဆောင်ပြီး လူငယ်စကားဝိုင်း အခမ်းအနားကျင်းပ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ချင်းပြည်နယ် လူငယ်ရေးရာ ကော်မတီမှ ဦးဆောင်ပြီး လူငယ်စကားဝိုင်း ပြုလုပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိုင်လင်းပီမြို့၌ သြဂုတ်လ(၂၀)ရက်နေ့တွင် သားသတ်လိုင်စင်အား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ကျင်းပမည်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (သားသတ်လိုင်စင်)အား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လိုင်လင်းပီမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ သြဂုတ်လ (၂၀)ရက်‌နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မတူပီခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ (ပထမ) နေ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်း လုပ်ငန်းဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ ပထမနေ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်းကို ယမန်နေ့က စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

တီးတိန်မြို့နယ်တွင် Cash for Work စီမံကိန်း လုပ်ငန်းဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လတ်တလောဖြစ်ပေါ်နေသည့် ပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများ ကုစားနိုင်ရန်အတွက် နိုင်ငံတော်၏(CERP)အစီအစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်အတွင်း လုပ်ငန်း ဆောင်ရွက်မှုများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူး ဦးဝင်းနွယ်နှင့် တာဝန်ရှိသူတို့က ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်