ရေဇွာ သြဂုတ် ၁၂
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ချင်းပြည်နယ် လူငယ်ရေးရာ ကော်မတီမှ ဦးဆောင်ပြီး လူငယ်စကားဝိုင်း ပြုလုပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်းအောင်လိန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် ဟားခါးမြို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုဦးစီးမှူး ဦးငွန်ရိုးထန်က လူငယ်ရေးရာ ကော်မတီမှ ဦးဆောင်ပြီး လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ချင်းပြည်နယ် MCCT ညှိနှိုင်းရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေက ကိုယ်ဝန်ဆောင် မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးငယ်များ ထောက်ပံ့ကြေး ပေးအပ်ခြင်းနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းဆွေနွေး ပေးခဲ့သည်။
ဇိုတုန်အဆိုတော် ဦးကျော်နိုင်ဦးမှ လူငယ်နှင့်အနုပညာအခန်းကဏ္ဍနှင့်ပတ်သက်ပြီး ပညာပေးဆွေးနွေးရာတွင် ‘‘လူမျိုးတိုင်းမှ ဘိုးဘွားစဉ်ဆက်ကတည်းက အရမ်းကိုလှပတဲ့ အနုပညာတွေ ပိုင်ဆိုင်ကြပါတယ်၊ တူရိယာပစ္စည်းကအစ စုံလင်စွာရှိပါတယ်၊ တိုင်းရင်းသားလူမျိုးစုတိုင်းမှာ ဘိုးဘွားစဉ်ဆက် ကတည်းက လှပတဲ့ရိုးရာယဉ်ကျေးမှု အနုပညာတွေ ပိုင်ဆိုင်ပြီးသာပါ၊ ခေတ်အလိုက် ပေါ်ပေါက်လာသော အနုပညာများကိုလည်း ဆည်းပူးလေ့လာကြပါ၊ ဘိုးဘွားစဉ်ဆက်က တီးမှုတ်သော တူရိယာနှင့် အဆိုအကများကိုလည်း လူငယ်များအနေဖြင့် ဆက်လက ထိန်းသိမ်းကြပါ"ဟု ပညာပေး ဆွေးနွေးခဲ့သည်။
ယင်းနောက် လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍ နှင့်ပတ်သက်ပြီး ဦးခမ်းဘွေးလျန်က ဆွေးနွေးရာတွင် ‘‘လူငယ်ဘဝရဲ့ အခန်းကဏ္ဍနှင့် လူငယ်ဘဝမှာ ကြိုးစားရမဲ့ အခြေခံအချက်အလက် များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများက သိရှိလိုသည့် အချက်အလက်များကို ပြန်လည်မေးမြန်းခဲ့ကြရာ အသီးသီးပြန်လည် ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)