သထုံမြို့နယ်တွင် ရေဘေးသင့်ခဲ့သည်ပြည်သူများအား အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့ နယ်လှည့်ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်ကုသရေးဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ဒူးရင်းဆိပ်ကျေးရွာမှ ရေဘေးသင့်ခဲ့သည့်ပြည်သူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးအတွက် ယမန်နေ့နံနက်က အဆိုပါကျေးရွာ၏ ရွာလယ်ဓမ္မာရုံ၌ နယ်လှည့်ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ခဲ့ကြသည်။