ပထမ (၃) လပတ် လုပ်ငန်းဆောင်ရွက်မှုပြီးစီးမှုအခြေအနေ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးသို့ တက်ရောက်
ချင်းပြည်နယ်အစိုးရအဖွဲ့ ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ စီးပွားရေးရာဝန်ကြီး ဌာန ကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာများ၏ ပထမ (၃) လပတ် လုပ်ငန်းဆောင်ရွက်မှုပြီးစီးမှု အခြေအနေ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို စက်တင်ဘာလ ၁၁ ရက် နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်ထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်အစိုးရအဖွဲ့အတွင်းရေးမှူး အတွင်းရေးမှူးနှင့် ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး ကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။